Meteorite logoMeteorite
Back to videos

Khit Thit Afternoon News | 12 November 2026

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၁၂ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ - NLD အစိုးရလက်ထက်က ဈေးနှုန်းကြီးမြင့်မှုနဲ့ အရည်အသွေးမကောင်းမွန်မှုကြောင့် ပြည်သူတွေ သုံးစွဲဖို့ မသင့်တောဘူးလို့ ပယ်ချခဲ့တဲ့ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီထုတ် လျှပ်စစ်မီတာ ၁ သန်းကျော်ကို စစ်တပ်က အတင်းအကျပ် အစားထိုးတပ်ဆင်ပြီးစီးပြီလို့ ပြောဆိုလာပါတယ်။ -ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်ဟာ ဒီကနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့မှာပဲ မြန်မာနိုင်ငံက နေပြည်တော်ကို လာရောက်ပြီး မြန်မာ့ပြည်တွင်းစစ်ပဋိပက္ခ၊ ထိုင်း-မြန်မာနယ်စပ်လုံခြုံရေး၊ နယ်စပ်ကုန်သွယ်ရေးနဲ့ နယ်စပ်ဖြတ်ကျော် လေထုနဲ့ ရေအရင်းအမြစ်ညစ်ညမ်းမှုဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးမယ်လို့ သိရပါတယ်။ -မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ ပိုမိုဆိုးရွားလာနေတဲ့အပေါ် အလွန်စိုးရိမ်ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရက ပြောဆိုပြီး ရိုဟင်ဂျာ ၁၅ သိန်းခန့်ကို အမြန်ဆုံး နေရပ်ပြန်ပို့နိုင်ဖို့ တောင်းဆိုထားပါတယ်။ - အမေရိကန်က အီရန်ကို အင်အားအကြီးဆုံး ဗုံးကျဲမယ်လို့ ထပ်မံ ခြိမ်းခြောက်ပြီး တစ်ဖက်မှာ သံတမန်ရေးဆွေးနွေးဖို့ ကြိုးပမ်းနေတယ်လို့ အီရန်သမ္မတ ဝေဖန်ပြောဆိုလာတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

Suggested videos