Meteorite logoMeteorite
Back to videos

Video unavailable

This video can't be played right now.

Khit Thit Morning News | 13 November 2026

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ -မြန်မာနိုင်ငံမှာ အိမ်ခြံမြေအဝယ်အရောင်းလုပ်နေတဲ့ လုပ်ငန်းရှင်ကြီးတွေနဲ့ အကျိုးဆောင် အေဂျင်စီ တွေကို စစ်ကောင်စီလက်အောက်ခံ စသုံးလုံးက ရုံးခေါ်စစ်ဆေးတာတွေ နေ့စဉ်လုပ်နေပြီး အရင်က ဝယ်ထားတဲ့ မြေကွက်တွေအတွက်လည်း သတ်မှတ်ရာဖြတ်တန်ဖိုးအတိုင်းမဟုတ်ဘဲ ပြင်ပဈေးကွက် ပေါက်ဈေးနဲ့ အခွန်ဆောင်ဖို့ ဖိအားပေးနေတယ်လို့ အိမ်ခြံမြေလုပ်ငန်းအသိုင်းအဝိုင်းက ပြောပါတယ်။ -မကွေးမြို့ကနေ ရန်ကုန်မြို့ကို ထွက်လာတဲ့ ကောင်းမြတ်သာ ခရီးသည်တင်ကားပေါ် လိုက်ပါလာတဲ့ ပွင့်ဖြူမြို့နယ်က ကိုဇေယျာဖြိုးကို ရန်ကုန်-ပြည် လမ်းဟောင်းပေါ်မှာ စစ်တပ်နဲ့ရဲတွေက အိမ်စီးကားနဲ့ လိုက်ပြီး လမ်းပိတ်ကာ ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဖမ်းဆီးခံရသူရဲ့ မိတ်ဆွေတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။ - ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ နိုဝင်ဘာ ၁၀ ရက်နဲ့ ၁၁ ရက်က ကျင်းပခဲ့တဲ့ ပါရီငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ (Paris Peace Forum 2026) ကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ ရဲ့ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ကိစ္စတွေကို ပါဝင်ဆွေးနွေးခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ - အစ္စရေးလုံခြုံရေးဝန်ကြီးအဖွဲ့က အီရန်ကို ထပ်မံတိုက်ခိုက်နိုင်ရေး စစ်တပ်ရဲ့ အသင့်ပြင်ဆင်မှုတွေ မြှင့်တင်ဖို့ ညွှန်ကြားထားတယ်လို့ အစ္စရေးမီဒီယာတွေက ဖော်ပြနေချိန်မှာ အီရန်က တိုက်ခိုက်ခံရရင် အရှေ့အလယ်ပိုင်းကနေ ဥရောပအထိ စစ်ရေးတုံ့ပြန်မှုတွေ လုပ်သွားမယ်လို့ သတိပေးလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

Suggested videos